မပြောမပြီး မတီးမမည် Podcast
မပြောမပြီး မတီးမမည် Podcast လေးကကြိုဆိုလိုက်ပါတယ်ရှင်။ မပြောမပြီး မတီးမမည်ဆိုတဲ့ ဆိုရိုးအတိုင်း ပြောစရာကိစ္စတွေကိုတော့ ပြောရမှာပါနော်။
ဒီလိုမပြောမဖြစ် ကိစ္စတွေ ထဲကမှ အခုဒစ်ဂျစ်တယ် လောကကြီးမှာ ကြုံတွေ့နေရတဲ့ လူမှုကွန်ရက်ကအကြောင်းအရာလေးတွေ၊ ကိုယ့်မောင်ငယ်ညီမငယ်တွေ အပါအဝင် အလွှာအသီးသီးက ကျွန်မတို့ လူထုတို့ရဲ့ အသံတွေ၊ ဇာတ်လမ်းတွေကို လက်ရည်တပြင်တည်း ပွင့်ပွင့်လင်းလင်းပြောကြဆိုကြဖို့ ဒီအစီအစဉ်လေးကို စီစဉ်လိုက်တာဖြစ်ပါတယ်။
ဒီ မပြောမပြီး မတီးမမည် podcastလေးကိုနားထောင်ရင်းနဲ့ဘဲ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ လူမှုကွန်ရက်က အမှုအစုံနဲ့ ဘ၀ဇာတ်ခုံ အဖုံဖုံ ကို ဆွေးနွေးလိုက်ကြပါစို့နော်.