PodList မှ စုစည်းတင်ပြသည်။
ဒီလိုစိတ်ဖိစီးစရာ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ ကာလမှာ ကျွန်တော်တို့အနေနဲ့ လက်ရှိ ခံစားနေရတဲ့ မွန်းကြပ်မှု၊ မကျေနပ်မှု၊ စိတ်ဖိစီးမှုတွေကို ငြိမ်အောင်ထိန်းဖို့အတွက် ဦးနှောက်နဲ့ နှလုံးသားကို အာရုံခဏလွှဲပြီး အလုပ်ပေးဖို့လိုပါတယ်။ အခုဖော်ပြလိုက်တဲ့ Podcast Channel 5ခုကတော့ လူတိုင်း နားထောင်သင့်လို့ PodList ကနေ ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။
၁။ Daung Saing - ဒေါင်ဆိုင်
၂။ ဟန်ထူးလွင်ရဲ့ 92.Omama
ဒါကတော့ အထွေအထူးကို ညွှန်းနေစရာမလိုလောက်ပါဘူး။ အခုလက်ရှိလည်း Facebook တစ်ခွင်မှာ ဟော့ ဖြစ်နေပြီးသား Podcast Channel တစ်ခုပါ။ Podcast Host ကလည်း ဟန်ထူးလွင် (ကျားပေါက်)ဆိုတော့ မဟော့ပဲ နေနိုင်ရိုးလား။ အကြောင်းအရာတွေကတော့ ရသအစုံပါပဲ။ အပတ်စဉ် Episode အသစ်တွေ တင်ပေးပါတယ်။
၃။အရေမရအဖတ်မရ စကားဝိုင်း
နာမည်က အရေမရ အဖတ်မရလို့ ပေးထားပေမယ့် စကားဝိုင်း အပုဒ်တိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ လူကြီးလူငယ်တွေနဲ့ မေးမြန်းပြောဆိုခဲ့တဲ့အင်တာဗျူးတွေကိုထည့်သွင်းပေးထားပါတယ်။ လူငယ်သဘာဝ စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်ပြောသွားမယ့်စကားတွေပါတဲ့အတွက်ကြောင့် နားထဲမှာ ကြားရတာ အဆင်မပြေ ရိုင်းနေရင် ခွင့်လွှတ်ပေးပါလို့ Podcast Host တွေက ပြောထားပါသေးတယ်။
၄။ Mratt's Podcast
ပြည်သူ့ကိုကိုလို့ ပြောကြတဲ့ ကိုမရတ်ရဲ့ Podcast ပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတိုင်းမှာ ကိုယ်ပိုင် ဇာတ်လမ်းတွေ၊ အတွေ့အကြုံတွေရှိပြီး လျစ်လျူ ရှုထားတဲ့အရာတွေကို နားထောင်ဖို့ လိုတာပါပဲလို့ ပြောထားပါတယ်။ ကိုမရတ်ကတော့ သူ့ရဲ့အကြောင်းတွေ၊ ထင်မြင်ချက်တွေနဲ့အတူ ချစ်စရာကောင်းတဲ့ အတွေ့အကြုံဆိုးတွေကို ပြန်ပြီး ဖောက်သည်ချမှာပါ။
၅။ NarSin - Myanmar Podcast
အခုအချိန်မှာ လူတော်တော်များများက မိုးလင်းမိုးချုပ် စိတ်မကောင်းစရာတွေပဲ မြင်ကြ၊ ကြားကြ၊ တွေးကြရပြီး စိတ်ပူပန်မှုတွေ၊ ၀မ်းနည်း နာကျင်မှုတွေနဲ့ ဖြစ်နေကြရပါတယ်။ မွန်းကြပ်မှုတွေ ရှိလာပေမယ့် ဖွင့်မပြောဖြစ်တာ ဒါမှမဟုတ် မိမိခံစားချက်တွေကို အခြားသူတွေနဲ့အတူ ဖွင့်ထုတ် ဝေမျှ ချင်တာမျိုးတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ အဲ့လိုမျိုး ရှိခဲ့မယ်ဆိုရင် မိမိခံစားချက်တွေကို စကားပြော အသံသွင်းထားတဲ့ အသံဖိုင်လေးတွေ NarSin Myanmar Podcast ကိုပို့လို့ရပါတယ်။ အများနဲ့ ဝေမျှခံစားနိုင်မယ့် အရာလေးတွေဆိုရင် NarSin Myanmar Podcast ရဲ့ channels တွေမှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသံဖိုင်သွင်းရတာ အဆင်မပြေဘူးဆိုရင်လည်း မိမိပြောချင်တာတွေကို စာစီရေးပေးနိုင်ပါတယ်။ NarSin Myanmar Podcast ရဲ့ host တွေက ကိုယ်စား အသံသွင်းပြီး တင်ပေးပါမယ်။ ဒီခရီးလမ်းက ရှည်နိုင်တယ်၊ ကြမ်းနိုင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးရော အထူးဂရုစိုက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ NarSin Myanmar Podcast ကလည်း စိတ်အေးချမ်းမှုရစေနိုင်မယ့် တစ်မိနစ်စာ အသံဖိုင်လေးတွေ တင်ပေးသွားဖို့ စတင် စီစဉ်နေပါတယ်။
အားလုံးပဲ အတူ အားတင်းထားကြရအောင်ပါ။