ပညာရပ်ဆိုင်ရာ Podcast 5 ခု | Product, Tech, Marketing, Design

PodList မှ စုစည်းတင်ပြသည်။


မြန်မာစကားနဲ့ပြောတဲ့ မြန်မာတွေအတွက် ပညာရပ်ဆိုင်ရာ Podcast တွေဟာ အတော်လေးကို ရှားပါးလွန်းလို့ လက်လှမ်းမီသလောက် Podcast Channel လေးတွေကို PodList ကနေ ပြန်ပြီး စုစည်းဖော်ပြလိုက်ပါတယ်။

၁။ Product Baze


ProductBaze က Product Management Field မှာ ကျင်လည်နေတဲ့ Product သမားတွေကနေ Product နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေနဲ့ အတွေ့အကြုံတွေကို မျှဝေသွားမှာဖြစ်ပြီး Product သမား အချင်းချင်း knowledge တွေ experience တွေ မျှဝေလို့ရမယ့် community တစ်ခုကို တည်ဆောက်သွားဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ တကယ်လည်း ပညာရစေတဲ့ Podcast လေးပါ။


၂။ Techshaw Cast


Podcast သက်တမ်း တစ်နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ ရှားရှားပါးပါး ရွှေလို့တောင်တင်စားနိုင်တဲ့ Tech Podcast လေးပါ။ မြန်မာတွေအတွက် မြန်မာတွေကိုယ်တိုင် ဖန်တီးထားတဲ့ Tech Podcast Channel ဖြစ်ပြီး ထိပ်တန်း နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ BetterHRNexlabs နဲ့ Yoma Bank တို့က ဆရာတွေက ဆွေးနွေးပေးထားပြီး အလျဉ်းသင့်သလို Guest Speaker တွေပါပါဝင်တဲ့ Podcast လေးပဲဖြစ်ပါတယ်။



၃။ Content Talk with MINN

ကိုမင်းကိုကတော့ EMG Marketing Group, Mocha Social Media Agency, Chance Myanmar အစရှိတဲ့ထိပ်တန်း အေဂျင်စီများ၊ ပညာရေးဝန်ဆောင်မှုများမှာ လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ Freelance အနေနဲ့ oversea Agency တစ်ခုဖြစ်တဲ့ Green Park Content နဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ်။ ဒါ့အပြင် personally အနေနဲ့ Content Marketing, Social Media Marketing ပိုင်းများကိုလည်း သင်ကြားပေးနေပါတယ်။ 

ယနေ့အချိန်ထိ Brand ပေါင်း ၂၀ ကျော်ကို စီမံခန့်ခွဲပေးခဲ့ပြီး ကုမ္ပဏီများရဲ့ revenue အတွက် သိန်းထောင်နဲ့ချီ generate လုပ်ပေးခဲ့ပြီး ဖြစ်တဲ့ သူ့ရဲ့ Marketing အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးနေတဲ့ Podcast လေးတစ်ခုဖြစ်ပါတယ်။


၄။ YPS

UI/UX Designer တွေ အတွက် Podcast လေးပါ။ စိတ်ဝင်စားလို့ နားထောင်မယ်ဆိုရင်တော့ Apple Podcast မှာရော Google Podcast မှာပါ Free နားထောင်လို့ရနေပါပြီနော်။


၅။ William Kyaw

ဒီ Podcast ကတော့ Sales & Marketing နယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ကို William Kyaw ကနေ Salesman တွေ Marketer တွေအတွက် ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြန်လည် Sharing လုပ်ပေးနေတဲ့ Podcast channel တစ်ခုပါ။ တကယ်လည်း အကျိုးရှိတဲ့ အကြောင်းအရာတွေမို့ အောက်ကလင့်မှာ နားထောင်လို့ရပါပြီ။


အခုဖော်ပြခဲ့တဲ့ Podcast ၅ခုအပြင် ခင်ဗျားတို့နားထောင်နေတဲ့ ဒိုင်လျှိုလေးဖွက်ထားတဲ့ Podcast တွေရှိရင်လည်း ပြန်မျှဝေပေးပါဦး။ PodList က မြန်မာဘာသာနဲ့ Podcast တွေအားလုံးကို စုစည်းဖို့ ကြိုးစားနေပါတယ်။